လူတိုင်းလှဖို့အတွက် Drecome

Skin မ Glow ရသော အကြောင်းရင်းများ | Myanmar Beauty Onine Shop

အဝင်းလို စကွင်းကဲပေမယ့် အဝင်းလို မဂလိုးရသော အကြောင်းရင်းများ

စကွင်းတွေကဲပါရက်နဲ့ အကောင်းစား စကွင်းကဲ ပစ္စည်းတွေ သုံးပါရက်နဲ့ ဘာလို့စကွင်းတွေ မဂလိုးရတာလဲလို့ မေးခဲ့သည်ရှိသော်

ချစ်တို့အမေးကို ကျနော်ဖြေရမှာပေါ့  အကြောင်းရင်းကတော့ ၉ ချက်ရှိပါတယ်

၁. ရေသောက်နည်းခြင်း

ခန္ဓာကိုယ်မှာရေဓါတ်နည်းနေရင် အရေပြားကိုရောက်တဲ့သွေးပမာဏကလည်းနည်းသွားပါလိမ့်မယ်။ ဒီလိုဆိုရင် အသားရည်မွဲခြောက်ပြီပေါ့။ ဒါကြောင့် အရွယ်မတိုင်ခင် အရည်မတွန့်ချင်ဘူးဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်

၂. Scrub မလုပ်တာ

မျက်နှာကို တစ်နေ့ ၂ကြိမ်သစ်တယ်။ ဈေးကြီးတဲ့ စကွင်းတွေကဲတယ်။ သို့သော် မျက်နှာအပေါ်ယံမှာ စုပုံနေတဲ့ ဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားတာမလုပ်ရင် အသားရည် ညစ်နွမ်းပြီး မဂလိုးတော့ဘူးပေါ့။ 

၃. မျက်နှာကို ပုံမှန်ရေဓါတ်ဖြည့်ပေးဖို့မေ့တာ

ဒီနေရာမှာပျင်းတာရော မေ့တာရောပါပါတယ်နော်။ အသက်အရွယ်ကြောင့်ရော ရာသီဥတု ပတ်ဝန်းကျင်ဒဏ်ကို အလူးအလဲခံနေရတဲ့ အသားရည်လေးကို ကျန်းမာသွားအောင် Moisture လေးလိမ်းပြီး ရေဓါတ်ဖြည့်ပေးပါ။

၎. အလွန်အမင်း စိတ်ဖိစီးခြင်း

စိတ်ဖိစီးမှုများရင် Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေထွက်လာပြီး အရေပြားရဲ့ သွေးလည်ပတ်မှုနဲ့ ပြုပြင်မှုတွေကို တားဆီးတော့တာပဲတဲ့။ ဒါကြောင့် မိမိစိတ်ကို စိတ်ဖိစီးမှုနည်းအောင် တတ်နိုင်သမျှ ပျော်ပျော်နေမယ်။ ပြဿနာတွေကို ရှောင်ပုန်းခိုင်းတာမဟုတ်ဘူးနော်။ အကောင်းဘက်ကနေ ကြည့်မြင်ပြီး နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းတတ်ဖို့ လိုတာထက်ပိုပြီး စိတ်အလေးလံမခံဖို့ပြောချင်ပါတယ်။

၅. လူဇီးကွက်များ

ညဘက်ကျမအိပ် မနက်ကျမထချင်တဲ့ လူဇီးကွက်လုပ်တာလေးတွေကလည်း အိုမင်းရင့်ရော်စေပါတယ်။ ဆဲလ်တွေက ညဘက်ကျမှ အသစ်ပြန်ဖြစ်တာဆိုတော့ ကောင်းကောင်းအိပ်ပျော်ကာမှ အသားရည်ကြည်လင်တော့မှာပေါ့

၆. ပတ်ဝန်းကျင်ညစ်ညမ်းခြင်း

ဒါကတော့ လူတိုင်းရှောင်လွဲလို့မရနိုင်တဲ့အရာပါ ဒါပေမယ့် နေပူထဲထွက်မယ်ဆို Sunscreen တွေ လိမ်းတာအပြင် ထီးဆောင်းတာ နေကာမျက်မှန်တပ်တာတွေလုပ်သင့်ပါတယ်။ လက်ကို မျက်နှာနဲ့ ဝေးဝေးထား။ လက်ကိုသေချာဆေးပေးပါ

၇. ဆေးလိပ်ငွေ့

ကိုယ်တိုင်ပဲသောက်သောက်၊ တခြားသူတွေသောက်တဲ့ ဆေးလိပ်ငွေ့တွေမှာပါတဲ့ အဆိပ်အတောက်တွေက အသားရည်တင်မက အဆုတ်ကိုပါ ညစ်ထေးစေပါတယ်။ အထွေအထူးပြောပြနေစရာမလိုဘူးထင်ပါတယ်နော်။

၈. Matte ဖြစ်လွန်းတဲ့ မိတ်ကပ်တွေ အသုံးများခြင်း

ဒါတွေက ချွေးပေါက်ကိုပိတ်ပြီး ဖျက်ရလည်းခက်ပါတယ်။ သေချာမပြောင်ရင် အသားရည်တွေပါပျက်စီးရော။ တော်သင့်ရုံ Matte ဖြစ်တာကိုသာသုံးပါ။ ပြီးတော့ မိတ်ကပ်ဖျက်မယ်ဆိုတိုင်း ကျနော်ပြောနေကျအတိုင်း ၃ ဆင့်
လောက်ဖျက်ပါ။ Cleansing အဆင့်သည် အလွန်အရေးကြီးပါတယ်။

၉. ကျန်းမာတဲ့စားသောက်နေထိုင်မှု

ကိုယ်တွင်းကြည်လင်ပါမှ အသားရည်ကြည်လင်မှာပါ။ မျှတအာဟာရရှိတာတွေစားပေးပါ။ အချိုအငန် အဆီအဆိမ့်တွေ အလွန်အကျူးစားသုံးခြင်းက အသားရည်ပျက်စီးစေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

ကဲ... ဒီလောက်ဆိုရင် မဂလိုးရခြင်းအကြောင်းတွေသိပြီဆိုတော့ 
ဒီနေ့ကစ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ကြပါ ... ချိမတို့
မတ်မတ်ဝင်းလို ဂလိုးနိုင်ကြပါဇီ.

Credit to Win Min Than
Yangon in My Heart