လူတိုင်းလှဖို့အတွက် Drecome

ဝယ်ရလွယ် သုံးလို့ကောင်းသော Skin Care များ - Beauty & Wellness Online shop in Myanmar | Drecome Beauty

ဝယ်ရလွယ် သုံးလို့ကောင်းသော Skin Care များ

အားလုံးပဲ မင်္ဂလာပါရှင်

ဒီတစ်ပတ်မှာ ကျနော့် Glow Nation ကို ဝင်ချင်ပါရက်နဲ့ Skin Care တွေကို ဘာသုံးရမှန်းမသိတာ၊ ဝယ်ရခက်တာ၊ ဘက်ဂျက်ချိန်နေရတဲ့သူတွေအတွက် ရည်ရွယ်ပြီး Skin Care လေးတွေ ညွှန်းပေးပါမယ်။

မညွှန်းခင်မှာ ပြောချင်တာ ၂ ချက်က ဘယ် Skin Care မဆို ဝယ်မယ်ဆိုရင် စာကို အရင်ဆုံးသေချာဖတ်ပါ။

ကိုယ့်အသားရည်နဲ့ ကိုက်ညီမယ့် အမျိုးအစား (ဥပမာ- For Dry Skin, Oiky Skin, Combination Skin) ဆိုတာမျိုးလေးဖတ်ပါ။
ပြီးတော့ ပါဝင်ပစ္စည်းတွေကို ဖတ်ပါ။
ပြီးတော့မှ ကိုက်ညီတာလေးဝယ်ပါ။
နောက်ဆုံးတစ်ချက်ကတော့ ဒီပို့စ်က Sponsor Post မဟုတ်ပါဘူး။

ကဲ... လိုရင်းပြန်သွားမယ်။

ကျနော် တကယ်သုံးပြီး တကယ်ကို သဘောကျတဲ့ Brand နာမည်တွေကို ပြောပြရရင် Eliza, Dabo, Garnier, Snail White, Alovivi, Bella, Masuri, Viho အစရှိသဖြင့်ပေါ့

မိတ်ကပ်ဖျက်တဲ့ Cleansing Step

ဒီမှာဆိုရင် Garnier Micellar water ရှိမယ်။
Bella love water ရှိမယ်။
Alovivi Cleansing Water နဲ့ wipes လဲရှိတယ်။

Cleansing Step

Snail White ရဲ့ ဆပ်ပြာတုံး၊ Bella သနပ်ခါးဆပ်ပြာ၊ Eliza ရဲ့ Honey Facial Cleanser, Purivivi VC Soap, Masuri Facial Foam.

Toner

Alovivi Toner ကတော့ ကျနော် အကြိုက်ဆုံးထဲမှာပါပါတယ်။
Eliza ရဲ့မြင်းခွာရွက် toner, Dabo Aqua Holding Toner လည်း ကောင်းပါတယ်။

Serum

Serum ထဲမှာဆိုရင် Snail White ရဲ့ Serum,Eliza Essential serum, Dabo Water Holding milk, Aloederma Serum တွေရှိမယ်။

Moisturizer

Aloederma က ကောင်းတယ်။
Pond's Age Miracle (အသက် ၃၀ကျော်တွေအတွက်)
Eliza မှာ Moisturizer gel ရှိမယ်။
Bella မှာလည်းရှိတယ်။
Dabo က double action cream, Masuri က moisturizer တွေလည်းကောင်းတယ်။
Nutox series လည်းကောင်းတယ် (အသက် ၃၀ကျော်တွေအတွက်)

Sunscreen

Bioderma မှာရှိတယ်။
Snail White မှာလည်းရှိတယ်။
Camella Sun N' Sport, Masuri AquaSun, Loreal, Pond's, Kathy 3in1, Dabo , Nutox ဒီ Brand တွေ စိတ်ချရတယ်
ကျနော်ကိုယ်တိုင်လည်း သုံးဖူးတယ်

ဒါတွေကတော့ နေ့စဉ်နေ့တိုင်းလိမ်းလို့ရတဲ့အဆင့်လေးတွေမှာ သုံးလို့ကောင်းတဲ့ ဝယ်ရလွယ်တဲ့ Skin Care ပစ္စည်းလေးတွေပါ။

တစ်ပတ်ကို ၂ ခါလောက်လုပ်ရမယ့် Special Care ပစ္စည်းလေးတွေကို မျှဝေရမယ်ဆိုရင်
Snail White Icy Mask
Dabo night mask
Bella water pack တွေ ရှိတယ်။

Garnier Serum Mark ထဲမှာတော့ အစိမ်းနဲ့ အနက်ကို Recommend လုပ်ပါတယ်….

ဒီလောက်ဆိုရင် Glow Nation ထဲကို ဝင်ဖို့အတွက် Skin Care Step တွေကို သိသွားပြီထင်ပါတယ်။

လွယ်ကူသက်သာတဲ့ ပစ္စည်းကောင်းတွေကိုလည်း သိပြီထင်ပါတယ်နော်.....

နောက်ဆုံးအနေနဲ့ ပြောချင်တာ ကျနော် Skin က Normal Type ပါ။ ဒါကြောင့် Normal Skin တွေဆို ကျနော်သုံးတဲ့ ပစ္စည်းတွေကို တထပ်တည်းလိုက်သုံးလို့ရပေမယ့် တခြား Skin Type တွေဆိုရင်တော့ ကိုယ့် Skin Type နဲ့လိုက်မယ့် ပစ္စည်းကို ရှာဖွေသုံးစွဲဖို့ အကြံပြုလိုပါတယ်ရှင့်

#GlowNation မှ သင့်ကို အလိုရှိသည် 😘😘😘
Win Min Than
Yangon in My Heart