လူတိုင်းလှဖို့အတွက် Drecome

သဘာဝ homemade ပေါင်းတင်နည်းလမ်းများ

သဘာဝ homemade ပေါင်းတင်နည်းလမ်းများ

အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အသားအရေကို မယုံကြည်နိုင်လောက်အောင် ဝင်းမွတ်ကြည်လင်စေနိုင်တဲ့ အစွမ်းထက်သဘာဝ သစ်သီးသစ်ဖုတွေ ရှိနေတတ်ပါတယ်။ ကုန်ကျစရိတ်နည်းပါးရုံသာမက အဆမတန်တဲ့ကောင်းကျိုးတွေ ရရှိစေနိုင်တဲ့ သဘာဝ homemade ပေါင်းတင်နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်နော်။

အသားအရေညီညာချောမွတ်စေတဲ့ mask

ထောပတ်သီး၊ ငှက်ပျောသီး၊ သခွားသီးနဲ့ သံလွင်ဆီတို့ကို ရောကြိတ်ချေပြီး မျက်နှာပေါ်မှာ စိတ်ကျေနပ်စွာ သုတ်လိမ်းပေးပါ။ Antioxidants တွေ အပြည့်အဝပါဝင်တဲ့ ဒီ mask ဟာ အလှအပဆုံး အသားအရေကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။

ချွေးပေါက်တွေကျဉ်းစေတဲ့ mask

ကြက်ဥအကာ၂လုံးကို မာတောင့်မသွားခင် မွှေလိုက်ပြီး မျက်နှာပေါ်ကိုသုတ်လိမ်းကာ မိနစ်၂၀ခန့်ထားပြီး ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပေးပါ။ အသားအရေရဲ့ တင်းရင်းချောမွေ့မှုသာမက ချွေးပေါက်တွေလည်း ကျဉ်းသွားစေတာကို တွေ့မြင်စေရမှာပါ။

ဝက်ခြံတွေချေမှုန်းပစ်မယ့် mask

ကြက်ဥအနှစ်၂လုံး၊ အုတ်ဂျုံအနည်းငယ်နဲ့ လိမ္မော်ရည်စားပွဲတင်ဇွန်း ၃ဇွန်းတို့ကို ခရင်မ်လို စေးပျစ်လာအောင် ရောမွှေပြီး မျက်နှာပေါ်ကို တင်ပေးရပါမယ်။ ကြက်ဥအနှစ်ဟာ ဝက်ခြံတွေကို မောင်းထုတ်ပစ်နိုင်ပြီး လိမ္မော်ရည်ကတော့ Vitamin-C စွမ်းအားပြည့်ဝတဲ့ cleanser တစ်မျိုးပဲ ဖြစ်ပါတယ်။

 

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’
#drecomebeauty #drecomemyanmar #homemademasks