လူတိုင်းလှဖို့အတွက် Drecome

ဆောင်းကြမ်းကို စိုပြေစွာဖြတ်သန်းလိုက်ကြရအောင် - Beauty & Wellness Online shop in Myanmar | Drecome Beauty

Brace yourself, ❄️Winter is coming!

myanmar beauty drecome
Myanmar Beauty Drecome

ကြမ်းရှနေအောင်ခြောက်တဲ့ဆောင်းရာသီအောက်မှာ 🌟✨Glow Nation✨🌟 ပြည်သူပြည်သားတွေ မကျဆုံးရလေအောင် မတ်မတ်ဝင်းက Simple Skin Care Tips လေးတွေနဲ့ သတိပြုရမယ့်အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ Glow Nation ရဲ့ အခြေခံစည်းမျဉ်းဖြစ်တဲ့ 💧ရေများများသောက်ပါ။
စူစူးခဏခဏပေါက်ရတယ်ဆိုပေမယ့် အသားရည်ကိုစိုပြေစေတယ်ပြီးတော့ အပူကင်းစေတယ်။ ဆောင်းတွင်းမှာဖြစ်လေ့ရှိတဲ့ အပူကန်လို့အနာဖြစ်တာတွေကိုလည်း ကာကွယ်ပြီးသားပဲ။ ရေများများသောက်ပါ။ ပိုသောက်ပါ။

၂။ ပိုပျစ်တဲ့⛄️ Moisturiser လဲပါ။ 
ခါတိုင်းသုံးနေကျ Moisturiser တွေက နွေ/မိုးရာသီနဲ့အဆင်ပြေပေမယ့် ဆောင်းဒဏ်ကို သိပ်မကာကွယ်နိုင်ပါဘူး။ ဘာသုံးရမလဲဆိုရင် အရင်က Serum လိမ်းနေရင် Cream လိမ်းပါ။ Gel လိမ်းနေကျဆို Serum လောက်ပြောင်းသုံးပါ။ နေ့တိုင်း ညတိုင်း မပျက်မကွက်လိမ်းပါ။ အေးတဲ့ဒေသမှာဆိုရင်တော့ JoJoba Oil နဲ့ Rose Hip Oil တွေကို သုံးဖို့ အကြံပြုချင်ပါတယ်။

၃။ 💫ချေးချွတ်တာတွေလျှော့ပါ။
ရေကို ၂ ခါပေါင်းချိုးတယ်ဆိုပြီး တခါတည်း Srub များများတိုက်လိုက်တာ ပြီးတော့ မျက်နှာကို Peeling/ Scrub လုပ်တာတွေ လျှော့ပါ။ ဆောင်းတွင်းမှာ အသားခြောက်လွန်းတာကြောင့် မျက်နှာမှာ လိုအပ်တဲ့အဆီဓါတ်မရှိရင် အရေပြားလေးတွေလန်တတ်ပါတယ်၊၊ Scrub လုပ်ပြီးရင် မမေ့မလျှော့ Moisture ဖြည့်ပေးနော်။

၎။ အေးတယ်ဆိုပြီး မျက်နှာသစ်ဖို့ မပျင်းပါနဲ့။
အရမ်းအေးတဲ့ဒေသမှာဆိုရင် မနက်ဘက်ကို ဆပ်ပြာနဲ့ မျက်နှာမသစ်ဘဲ ညဘက်ကျရင်တော့ သေချာ မျက်နှာသစ်ပေးပါ။ယူတို့ အေးတယ်ဆိုပြီ စကွင်းမကဲဘဲ မအိပ်ရဘူးနော်။ 

၅။ 🔥ရေနွေးနဲ့ရေမချိုးပါနဲ့
ရေနွေးနဲ့ရေချိုးတာက အအေးသက်သာပေမယ့် အသားအရည်ကို ပိုခြောက်စေလို့ ရှောင်စေချင်ပါတယ်။ မရှောင်နိုင်ရင်တော့ Lotion များများလိမ်းဖို့ မမေ့နဲ့နော်။

၆။ 🥀အမေ့အလျော့ခံ ခြေလက်လေးများ
Lotion တော့လိမ်းပါရဲ့ လက်ကို ပြန်ဆေးပစ်တာမျိုးတွေ လုပ်တယ်။ လက်ဆေးပြီးရင် Hand Cream လိမ်းဖို့မမေ့ပါနဲ့။ ခြေထောက်လေးတွေကိုလည်း လိမ်းပေးနော်။ ခြေသည်းနဲ့ ခြေဖနောင့်လေးတွေမကျန်စေနဲ့။

၇။ 🌞Sun Cream မမေ့ပါနဲ့ 
ဘယ်လောက်ပဲနေမပူဘူး။ ပြောပြော လိမ်းသင့်တယ်ဆိုတာ အထွေအထူး မပြောတော့ဘူး။

ဆောင်းကြမ်းကို စိုပြေစွာဖြတ်သန်းလိုက်ကြရအောင်!!

Credit to Win Min Than 
Yangon In My Heart