လူတိုင်းလှဖို့အတွက် Drecome

Serum Ampoule Booster

Serum


Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based -
မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

Ampoule


Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
 

Booster
 

Booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’

#drecomebeauty #drecomemyanmar

credit to Dr.Aye Min Htoo