လူတိုင်းလှဖို့အတွက် Drecome

စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော အသားအရေလက္ခဏာများ - Beauty & Wellness Online shop in Myanmar | Drecome Beauty

လူတိုင်းဆိုသလို မိမိနေ့စဉ်ဖြတ်သန်း တွေ့ကြုံနေရတဲ့အရာတွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရသလို စိတ်ဖိစီးမှုတွေလည်း ရှိနိုင်မှာပါ။
အခုကတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေလက္ခဏာများအကြောင်း 
ပြောပြပေးချင်ပါတယ်နော်။
ဝက်ခြံတွေထွက်ရခြင်းရဲ့ အဓိကတရားခံဟာ စိတ်ဖိစီးမှုပါ။
လည်ချောင်းတွေခြောက်သွေ့ခြင်းနဲ့ ပါးစပ်အတွင်းအပြင်မှာ အဖုအနာလေးတွေ ဖြစ်ခြင်းဟာလည်း စိတ်ဖိစီးမှုကြောင့်ပါပဲ။
အရေပြားယားယံခြင်းနဲ့ ပုံမှန်မဟုတ်ပဲ အနီအဖုအပိန့်ထွက်ခြင်းဟာလည်း စိတ်ဖိစီးမှုကြောင့် ဖြစ်တာပါ။
ခန္ဓာကိုယ်မှ အဆီထုတ်လွှတ်မှုများစေတာကြောင့် စိတ်ဖိစီးမှုဟာ အဆီပြန်အသားအရေကို ဖြစ်ပေါ်စေပါတယ်။
ထိခိုက်ရှနာတွေကြောင့် ဖြစ်တဲ့အနာတွေရဲ့ ကုသမှုဖြစ်စဉ်ကိုလည်း စိတ်ဖိစီးမှုက နှေးကွေးစေပါတယ်။
အသားအရေမှ ရေဓာတ်ခန်းခြောက်ခြင်းဟာလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’
#drecomebeauty #drecomemyanmar #stresssigns