လူတိုင်းလှဖို့အတွက် Drecome

Back

မိတ်ကပ်ပျက်လွယ်လို့ စိတ်ညစ်နေတဲ့သူတွေ အများကြီးရှိမယ်လို့ထင်ပါတယ်။
မိတ်ကပ်အချိန်ကြာကြာခံဖို့ အဓိကအချက် ၄ချက် ရှိပါတယ်။
1. အရေပြားအလွှာဟောင်းကို ဖယ်ရှားခြင်း
2. အစိုဓာတ်သေချာထိန်းပေးခြင်း
3. Base Makeup လိမ်းခြင်း
4. မိတ်ကပ်လိမ်းခြယ်ပြီး Mist (Spray) ဖျန်းပြီး အဆုံးသတ်ခြင်း
အသားအရေခြောက်သွေ့ခြင်းက မိတ်ကပ်အလွယ်တကူ ပျက်စေပါတယ်။
မိတ်ကပ်လိမ်းပြီးသားပေါ်မှာ ပုံမှန်သုံးနေကျ Lotion ကိုဖြစ်ဖြစ် Mist ကိုဖြစ်ဖြစ် Spray အနေနဲ့ ဖျန်းပေးရအောင်။
မျက်နှာမှ 20cm ခန့်အကွာကနေ ၃ကြိမ်ခန့် ဖျန်းပေးပါ။
Mist ဖြစ်တာကြောင့် မိတ်ကပ်တွေ ပျက်သွားမှာမဟုတ်ပါဘူး။
ဖျန်းပြီးလျှင် Tisssue နဲ့ ခပ်ဖွဖွ သုတ်ပေးပါ။
Mist မှာ ဒီလို အားသာချက်တွေရှိပါတယ်။
• သယ်ရလွယ်ခြင်း
• အရေပြားမှာတညီတညာတည်း စိမ့်ဝင်နိုင်ခြင်း
• ချွေးပေါက်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း
ဒီလိုအားသာချက်တွေရှိတဲ့ Mist ကိုသုံးပြီး မိတ်ကပ်မပျက်တဲ့ မျက်နှာလေးနဲ့ တနေ့တာကို ကုန်ဆုံးရအောင် !

  • Like 52Feb 04, 2019

Use Setting Spray For Long-lasting Makeup

  • မိတ်ကပ်အောက်ခံ၊ Concealer | အခြား