လူတိုင်းလှဖို့အတွက် Drecome

Back
များများဖတ်ရန်
  • Massage
  • K.-6000
     (ငွေလဲနှုန်းပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါသည်)

သင့်ကျန်းမာရေးအတွက် SaBaiDee (Foot Massage)

SaBaiDee (Foot Massage) သည် အမျိုးသား ရော အမျိုးသမီးပါ ဝန်ဆောင်မှုပေးနေသော ခြေထောက်အနှိပ်ခန်း သီးသန့်ဖြစ်သည်။ တစ်နာရီကို ၆ထောင် ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး ၈ဦးခန့် တပြိုင်နက် အသုံးပြုနိုင်ပါသည်။ ဆိုင်ခန်းသည် လူဦးရေ အများကြီး မဆန့်သော်လည်း ရောက်လာသော ဧည့်သည်များကို စိတ်တိုင်းကျစေရန် အထူးဆောင်ရွက်ပေး နေတာဖြစ်ပါသည်။ ခြေထောက်နှိပ်နယ်ခြင်း တစ်မျိုးတည်းကိုသာ ဝန်ဆောင်ပေးနေတာ ဖြစ်သောကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်မှ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ခြေထောက်တစ်စုံအား SaBaiDee (Foot Massage) တွင် လာရောက် အနှိပ်ခံသင့်ပါသည်။
ခြေထောက် တစ်ချောင်းတွင် အရိုးပေါင်း ၂၆ခု၊ အဆစ်ပေါင်း ၃၃ဆစ်၊ အရွတ်ပေါင်း ၂၀၇ ရွတ်၊ ကြွက်သားပေါင်း ၁၉ခုနှင့် ခြေထောက်တစ်ခုဖြစ်ဖို့ ၁ခုနှင့် ၁ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်းများစွာ ရှိပါသည်။ လူတစ်ယောက်သည် ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ရှိသောကြောင့် ခြေဖဝါးပေါ်တွင် ကျရောက်သော ဖိအားမှာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီးမျာုးလေ့ ရှိတတ်ပါသည်။ ထို့အပြင် မိမိနှင့် အဆင်ပြေ သင့်လျော်သော ဖိနပ်များကို ဝတ်ဆင်ခြင်းကြောင့် ခြေထောက်နာကျင်တတ်ပါသည်။ ထိုကြောင့် ခြေထောက်နာကျင်မှုများ သက်သာကောင်းမွန်စေရန် SaBaiDee (Foot Massage) သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

ခြေထောက်သည် လူတစ်ယောက်၏ မြေပုံဖြစ်သည်။ ခြေထောက်နှိပ်ခြင်းကြောင့် ခန္ဓာကိုယ် လန်းဆန်းပေါ့ပါး လာစေခြင်း ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု တိုးတက် ကောင်းမွန်လာခြင်း၊ ခြေထောက်အရေပြားကို ပြစ်မျိုးမှဲ့မထင် လှပလာစေခြင်း၊ ခြေထောက်အပ်ကွဲခြင်းကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံစွမ်းအား တိုးပွားစေခြင်း၊ နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း၊ အားသစ် လောင်းပေးခြင်း၊ ခန္ဓာကိုယ် ဘက်စုံကျန်းမာ ဖွံ့ဖြိုး တိုးတက်အောင် ကြိုတင်ပြင်ဆင်ရာ ရောက်ခြင်း၊ စိတ်အာရုံ စူးစိုက်မှု ကောင်းစေခြင်း၊ အသက်ရှုလမ်းကြောင်း၊ နှလုံးနှင့် ဦးနှောက် သို့ သွေးစီးခြင်း စသည့် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေခြင်း၊ ကြွက်သားများ အညောင်း အညာ ပြေလျော့စေခြင်း၊ ခန္ဓာကိုယ် ခွန်အားဖြစ်စေခြင်း၊ အာရုံကြောများ ပြေလျော့စေခြင်း ၊ စသည့် အကျိုးထူးများစွာကို ခံစားရမှာ ဖြစ်ပါသည်။

ပိုင်ရှင်သည် မြန်မာလူမျိုး ဖြစ်ပြီး ဝန်ထမ်းများသည်လည်း မြန်မာအမျိုးသမီးများ ဖြစ်ကြပါသည်။ တစ်နာရီကို ပျှမ်းမျှ ၆၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါသည်။ ဝန်ဆောင်မှုကို အဓိက ထားခြင်းဖြစ်သည့်အတွက် စေတနာရော ကျွမ်းကျင်မှုပါ ထည့်ပေါင်းပြီး လာရောက်ကြသော ဧည့်သည်များကို အကောင်းဆုံး စိတ်တိုင်းကျ
ဝန်ဆောင်ပေးနေသော SaBaiDee (Foot Massage) ဖြစ်ပါသည်။

  • Like 3 

SaBaiDee Foot Massage (1)

  • Massage
  • ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • +95932105450
  • 10:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • 26(C), Nawaday Street, Dagon
  • အနီးအနား Yout lann bus stop မှတ်တိုင် 5 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 8

26(C), Nawaday Street, Dagon

SaBaiDee Foot Massage (1) is located in Nawaday street, Yaw Min Gyi Road, Dagon Township, Yangon. This shop is not too big, but visitors who came to customizing special services. Helping the legs massage services only in there, our legs is one of their most valuable part of the body, you should be visit to the SaBaiDee Foot Massage for a pair of legs relaxation. The bones of leg are 26, 33 joints, 207 ligaments, 19 muscle and connect a multi-capillary too much. The average person usually walk between 8,000 to 10,000 steps a day, the pressure falls on his feet more than the weight of the body. In addition, wear comfortable and appropriate shoes for leg. For your leg pain, we would like to invite to come to the SaBaiDee Foot Massage. The leg is map of the person so. The owner and all staffs are Myanmar who has experienced. Aaverage charges are 6000 kyats for one hour enough. They can serve 6 persons as same time and also ladies and gentleman. Especially the staffs make systematic and kindness on their customers every time. So, they are warmly welcome from SaBaiDee Foot Massage to you for your satisfaction and relaxation.

     
     
     
     
     
     
     

အကြံပြှောက်ကံခံည့် နေရှာာမျှာား