လူတိုင်းလှဖို့အတွက် Drecome

Back

အမျိုးသားတွေသာမက အမျိုးသမီးတွေလည်းပဲ အနံ့အသက်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
အနံ့အသက်ပျောက်စေတဲ့ ကုန်ပစ္စည်းတွေက အနံ့ကိုထိန်းပေးတဲ့ အာနိသင်ရှိပေမယ့် Super Market တွေမှာ ဝယ်ယူလို့ရတဲ့ပစ္စည်းတွေကို အသုံးပြုပြီး မိမိကိုယ်တိုင် သဘာဝ အနံ့အသက်ပျောက်ဆေးကို ပြုလုပ်နိုင်ပါတယ်။
အသုံးပြုရမှာကတော့ Essential Oil လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ၊ ဆန်မှုန့်/ပြောင်းမှုန့် ခွက် ၄ပုံ၁ပုံ (ဓာတုမပါသော ပစ္စည်းများကိုသာ သုံးဖို့ တိုက်တွန်းချင်ပါတယ်)၊ မုန့်ဖုတ်ဆိုဒါ ခွက် ၄ပုံ၁ပုံ၊ အုန်းဆီ ခွက်တစ်ဝက်တို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး ဆန်မှုန့်/ပြောင်းမှုန့် နဲ့ မုန့်ဖုတ်ဆိုဒါကို ရောမွှေပါမယ်။
ထိုရောမွှေထားသောအမှုန့်များကို အုန်းဆီထဲသို့ ထည့်ပြီး ခက်ရင်းဖြင့် မွှေပါမယ်။
ဖန်ခွက်လှလှလေး သို့မဟုတ် ဖန်ပုလင်းလှလှလေးထဲမှာ ထည့်သိမ်းထားမယ်ဆိုလျှင် သုံးချင်စရာလေးဖြစ်နေမှာပါ !

  • Like 320

Natural Deodorant Cream

  • ကိုယ်လိမ်းခရင်မ် | အခြား