လူတိုင်းလှဖို့အတွက် Drecome

Back
များများဖတ်ရန်
  • Nail
  • ဈေးနှုန်းစုံစမ်းရန်

Mini Nail Spa ကို ၂၀၁၄ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး လှိုင်မြင့်မိုရ်အိမ်ရာ၊ ကန်လမ်း၊ တံတားဖြူ၊ လှိုင်မြို့နယ်တွင်တည်ရှိပါသည်။

တိတ်ဆိတ်ပြီး အေးချမ်းသော ပတ်ဝန်းကျင်တွင် တည်ရှိသော ကြောင့် အေးအေးဆေးဆေးဖြင့် အနားယူ ၍ ကောင်းမွန်သော ဆိုင်လေးတစ်ဆိုင်ဖြစ်ပါသည်။

ဆိုင်တွင် ရှိနိုင်သော Services များမှာ-
- Kinetics White Spa Pedicure/Manicure (ခြေထောက် နှင့် လက် ကို Cleansing လုပ်ရင်း တခါတည်း ပေါင်းတင်ပေးသော ဆိုင်၏ လူကြိုက်အများဆုံး Service ဖြစ်ပါသည်။ USA တံဆိပ် ၊ ဥရောပနိုင်ငံထုတ် ပစ္စည်းများကို သာ အသုံးပြုထားပြီး ခြေသည်း၊ လက်သည်းညှပ်အပြင် လက်သည်းနီဆိုးတဲ့အထိပါ ဝန်ဆောင်မှုပေးပါသည်။
- Classic Pedicure/Manicure (အီတလီနိုင်ငံထုတ် Body Scrub များဖြင့် Cleansing လုပ်ပြီး၊ ခြေသည်း၊ လက်သည်းညှပ်၊ လက်သည်းနီဆိုးတဲ့အထိပါ ဝန်ဆောင်မှုပေးပါသည်။)
- Foot Massage (၄၅ မိနစ် နှင့် မိနစ် ၆၀ ရှိပါသည်။)
- Nail Color (Wet n Wild ၊ Bellaoggi နှင့် Kinetics Brand တွေရှိပါသည်။)
- Nail Art (Paint ၊ 3D နှင့် Acrylic 3D တွေရှိပါသည်။)
- Gel Polish (USA တံဆိပ်၊ ဥရောပနိုင်ငံထုတ် ပစ္စည်းဖြင့် အသုံးပြုပေးပြီး Classic Pedicure/Manicure ပါသော Package ဖြစ်ပါသည်။)
- Hair Wash (ဂျာမနီနိုင်ငံထုတ် Diplona ခေါင်းလျှော်ရည်များသား အသုံးပြုပါသည်။)
- Facial (အီတလီနိုင်ငံထုတ် Geomar ၊ Clinians များကို အသုံးပြုပါသည်။)
- Under Arm/ Half Leg Waxing (၁၅ မိနစ်လောက်ဖုန်းကြိုဆက်ထားရန် လိုအပ်ပါသည်။)

ထို့အပြင် The Beauty Boutique တွင်လည်း USA, France, Germany, Italy ထုတ် Skin Care ၊ Body Care နဲ့ Cosmetics တွေကို ဝယ်ယူနိုင်ပါသေးသည်။

ထို့ကြောင့် Mini Nail Spa ဆိုင်လေးသည် အရည်အသွေး ကောင်းမွန်သည့် ပစ္စည်းများကိုသာ အသုံးပြု သော၊ လက်သည်း ခြေသည်း များအတွက် အလှဆုံး ဖြစ်အောင် ဝန်ဆောင်မှု ပေးနေသော၊ သွားလာရ လွယ်ကူပြီး အေးချမ်းစွာ အနားယူနိုင်သော ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်ပါသည်။

  • Like 8 

Mini Nail Spa

  • Nail
  • ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • +95933580777
  • 09:00 AM - 07:00 PM ( ဘာမှမရှိပါ )
  • 02-01, Hlaing Myint Mo Housing, Kan Street, Tadaphyu, Hlaing Township Yangon.
  • အနီးအနား Bu Tar Yone မှတ်တိုင် 6 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 20

02-01, Hlaing Myint Mo Housing, Kan Street, Tadaphyu, Hlaing Township Yangon.

ဆောရီး , အသေးစိတ် ဓါတ်ပုံများ တင်လို့ မရပါ

အကြံပြှောက်ကံခံည့် နေရှာာမျှာား