လူတိုင်းလှဖို့အတွက် Drecome

Back

ရွှန်းစိုတောက်ပဖို့အတွက် Face mask DIY ကို မိတ်ဆက်ပေးပါမယ် !
အသုံးပြုမှာကတော့ ပျားရည်နဲ့ သံလွင်ဆီဖြစ်ပါတယ် !
အတတ်နိုင်ဆုံး သကြားမပါ၊ အပူမပေးထားတဲ့ သဘာဝပျားရည်ကို သုံးကြရအောင် !
မြန်မာပြည်က Super market တွေမှာဝယ်ယူလို့ရပြီး၊ မြန်မာ့ပျားရည်က အရည်အသွေးကောင်းလို့ အခုဆိုလျှင် ကမ္ဘာတဝှမ်း စတင်သတိပြုမိနေကြပါပြီ။
သံလွင်ဆီကိုလည်း Extra Virgin Olive Oil ကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။
၁။ ပန်းကန်ထဲမှာ ပျားရည်ဇွန်းကြီး ၂ဇွန်းခန့်နှင့် သံလွင်ဆီဇွန်းကြီး ၁ဇွန်းခန့်ကို ထည့်ပြီးရောမွှေပါမယ်။ အနည်းငယ် Microwave မှာ အပူပေးလျှင် ပိုနှံ့ပါတယ်။
၂။ မျက်နှာသစ်ပြီးလျှင် မျက်နှာပြင်အပြည့်လိမ်းပြီး ၅ မိနစ်ခန့် ထားပါမယ်။
၃။ ရေဖြင့် မျက်နှာသစ်ချပါမယ်။
ဒီ၃ဆင့်လုပ်ပေးရုံပါပဲ။
နံနက် ဒါမှမဟုတ် ညမအိပ်ခင်မှာ လိမ်းပေးလျှင် အကျိုးသက်ရောက်မှုပိုရှိပါတယ် !
မိမိချစ်သူနဲ့ Date မလုပ်ခင် ကြိုတင် ပေါင်းတင်ထားမယ်ဆိုလျှင် အလှကြိုက်တဲ့ ချစ်သူဆီက အချစ်ပိုရနိုင်မယ် ထင်ပါတယ်နော် !
စမ်းသပ်ကြည့်ရအောင် !

  • Like 171

DIY Honey and Olive Oil Face Mask For Glowing Skin

  • မျက်နှာပေါင်းတင်Mask | မျက်နှာပေါင်းတင် ကပ်ခွာ