လူတိုင်းလှဖို့အတွက် Drecome

Back

ဝက်ခြံထွက်လွယ်တာနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက် ပြောပြချင်ပါတယ်။
မြန်မာမှာ အလွယ်တကူလွယ်လို့ရတဲ့ ပစ္စည်း၂မျိုးနဲ့ ဖြေရှင်းလို့ရပါတယ်။
ပထမ ၁ခုက ပျားရည်ပါ။
အတတ်နိုင်ဆုံး သကြားမပါ၊ အပူမပေးထားတဲ့ သဘာဝပျားရည်ကို သုံးကြရအောင် !
မြန်မာပြည်က Super market တွေမှာဝယ်ယူလို့ရပြီး၊ မြန်မာ့ပျားရည်က အရည်အသွေးကောင်းလို့ အခုဆိုလျှင် ကမ္ဘာတဝှမ်း စတင်သတိပြုမိနေကြပါပြီ။
ဒုတိယ ၁ခုကတော့ Apple Cider Vinegar ပါ။
လျှာလကာရည်ဖြစ်တာကြောင့် သုံးရမှာ စိတ်ထဲတမျိုးဖြစ်ပေမယ့် ပိုးသတ်နိုင်စွမ်း အလွန်ကောင်းပါတယ်။
အရင်ဆုံး မျက်နှာသစ်ပြီးကာစ မျက်နှာမှာ ပျားရည်ကိုလိမ်းပါမယ်။
၁၅မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါမယ်။
ပြီးလျှင် Cotton ဖြင့် Apple Cider Vinegar ကိုယူပြီး မျက်နှာမှာ စိမ့်ဝင်အောင် လိမ်းပါမယ်။
၁၅မိနစ်ကြာလျှင် ရေအေးဖြင့် ဆေးချပြီး သုံးနေကျ Skin care တစ်ခုခုကို လိမ်းကြရအောင်။
၁ရက် ၂ကြိမ် လုပ်ပေးလျှင် ထိရောက်မှုပိုရှိပါတယ်။
မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းမယ်ဆို အဆင်ပြေပါတယ်။

  • Like 52Feb 09, 2019

DIY Honey and Apple Cider Vinegar For Acne

  • မျက်နှာပေါင်းတင်Mask | မျက်နှာပေါင်းတင် ကပ်ခွာ