လူတိုင်းလှဖို့အတွက် Drecome

Back

သူ့မှာ အရင် Coffee Body Scrub တုန်းက မပါတဲ့ ပစ္စည်းအသစ်လေး နှစ်ခုပါလာတယ်။ တစ်ခုက အုန်းဆီပါ။ အုန်းဆီကအသားအရေအတွက် အရမ်းကောင်းတဲ့ ဆီတစ်မျိုးဆိုတာ အားလုံးသိပြီးသားပါ။ ဒါကြောင့်လဲ အလှကုန်ပစ္စည်း တော်တော်များများမှာ အုန်းဆီကို မပါမဖြစ် ပစ္စည်းအဖြစ် ထည့်သုံးလာကြတာပါ။ ဒါကြောင့် Scrub သုံးပြီးရင် အသားခြောက်သွားတယ်ဆိုတာမျိုး လုံး၀မဖြစ်စေရတော့ဘူးပေါ့။

နောက်တစ်ခု အထူးခြားဆုံးက ရိုးရိုးဆားနေရာမှာ Pink Salt လေး ထည့်သုံးပေးထားတာပဲ။ Pink Salt က ကျန်းမာရေးအတွက်အရမ်းကောင်းတယ်ဆိုတာ သိထားပြီးသားပေမယ့် အသားအရေအတွက်လဲ အရမ်းကောင်းတယ်ဆိုတာ စာတွေရှာဖတ်ရင်းနဲ့မှ ပိုပိုပြီးသိလာရတယ်။ သူ့ထဲမှာ အသားအရေအတွက်အရမ်းကောင်းတဲ့ သဘာ၀တွင်းထွက်ဓါတ်ပေါင်း ၈၄ မျိုးတောင်ပါ၀င်တယ်လို့ ဖတ်ရတယ်၊ အဲ့တော့ ဘယ်လိုတောင်ကောင်းမလဲဆိုတာ ကိုယ့်ဖာသာကိုယ်သာ မှန်းကြည့်ကြပါတော့။ သူက အသားအရေကို Healthy Skin ဖြစ်စေတယ်၊ PH level ကို ညှိပေးတယ်၊ ပြီးတော့ ယူတို့ပြောပြောနေတဲ့ အသားအရေလေးကို Glow စေပါသေးတယ်တဲ့နော်

  • Like 3 Mar 01, 2020

Body Scrub One Time Use / Coffee&Me

  • ခန္ဓာကိုယ်ချေးချွတ်ခြင်း
  • 3,000MMK
     (ငွေလဲနှုန်းပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါသည်)