လူတိုင်းလှဖို့အတွက် Drecome

Back

အသားအရည်ကို ဂရုစိုက်ကြတဲ့ မိတ်ကပ်ပညာရှင်တွေကတော့ မိတ်ကပ်ကြာရှည်ခံ ဖို့နဲ့ အောက်ခံအသားအရေ လှနေဖို့ မိတ်ကပ်မလိမ်းခင် Face Mask သုံးပေးသင့်ကြောင် လေ့လာချက်အရ သိရပါတယ်။
မိတ်ကပ်မပျက်ဖို့အတွက်ဆိုလျှင် Skin care လုပ်ပေးဖို့ အရေးကြီးပါတယ်။
အထူးသဖြင့် အစိုဓာတ်ထိန်းပေးဖို့ အလွန်အရေးကြီးပါတယ်။
မျက်နှာသစ်တာနဲ့ Scrub လုပ်ပြီးသွားလျှင် Lotion များများလိမ်းပါမယ်။
အစိုဓာတ်ကို ကောင်းကောင်းထိန်းထားချင်လျှင် မနှမြောဘဲ များများလိမ်းကြရအောင်။
အဲဒီနောက် Mask တပ်ပြီး ၁၀မိနစ်ခန့် ထားပါ။
အသားအရေ ခြောက်သွေ့တဲ့သူတွေက Mask ခွာပြီးလျှင် နောက်တခေါက် Lotion ထပ်လိမ်းပေးပါက ထိရောက်မှုပိုရှိပါတယ်။
သေသေချာချာ လက်နဲ့ စိမ့်ဝင်အောင် လိမ်းကြရအောင်။
ပြီးလျှင် နို့ရည်လိမ်းပါမယ်။
Lotion လိမ်းပြီး အချိန်ခဏထားပြီးမှ နို့ရည်ကို လိမ်းလျှင် တစ်ခုပြီးတစ်ခု အရေပြားမှာ စိမ့်ဝင်ပြီး ထိရောက်မှု ပိုရှိပါတယ်။
အစိုဓာတ်စနစ်တကျ ထိန်းပေးတဲ့ Skin care လုပ်ခြင်းဖြင့် မိတ်ကပ်အလွယ်တကူ မပျက်တော့ပါဘူး။
Face mask တွင် နေ့စဉ်သုံးအမျိုးအစားနဲ့ တစ်ပတ်မှာ ၁ကြိမ်မှ ၂ကြိမ် သုံးလို့ရတဲ့ အမျိုးအစားဆိုပြီးရှိလို့ အသုံးမမှားအောင် သတိပြုကြရအောင် !
ဆက်ဆက်စမ်းလုပ်ကြည့်နော် !

  • Like 73Jan 09, 2019

Apply Face Mask Before Makeup

  • မျက်နှာပေါင်းတင်Mask | မျက်နှာပေါင်းတင် ကပ်ခွာ